ရှေးဟောင်းအဆောက်အဦအမှတ် စလ-၀၂၅

  • တည်နေရာ -မံဘုရား၏အနောက်ဘက်ပေ (၃၀၀)ခန့်အကွာတွင် တည်ရှိသည်။

ခင်ကြီးစအုတ်ကျောင်းပုံ

ဤအဆောက်အအုံပေါ်တွင် စလေဦးပုည၏ ဆရာရင်းဖြစ်သူ ခင်ကြီးစသီတင်းသုံးခဲ့သဖြင့် ခင်ကြီးစအုတ်ကျောင်းဟုခေါ်ကြသည်။ အမိုးဆင်းလျောပါနှစ်ထပ်အုတ်တိုက် ပုဂံရှိ(အာနန္ဒာ ဘုရားမြောက်ဘက်အုတ်ကျောင်းပုံစံ)ဖြစ်သည်။ လှေကားလေးစင်းတပ် လက်ရမ်းပါအုတ်ခုံ ပေါ်၌တည်ရှိပြီး ပထမထပ်၏အမိုးပေါ်၌လည်း လက်ရမ်းပါစင်္ကြံရှိသည်။ ပထမထပ်၏ အနောက်ဘက်နံရံအတွင်းရှိ ကြောင်လိမ်လှေကားမှတစ်ဆင့် ဒုတိယထပ်သို့တက်ရောက်နိုင်သည်။ ရေနုတ်ပြွန်များတွင် ပန်းတမော့လက်ရာမကာရ်ရုပ်များရှိသည်။ ကြောင်လိမ်လှေကားအမိုးနှင့် ဒုတိယထပ်ကြမ်းပြင်တို့၌အကူသစ်သားတန်းများပါရှိသည်။၁၉၆၇ ခုနှစ်မှစ၍ ဦးစီးဌာနမှ ထိန်းသိမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် အမိုးရေပိတ်လွှာလောင်းခြင်း၊အသေးစားထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သည့် ညောင်ပင်သတ်ခြင်းနှင့် မသမာသူများ ကျောင်းကြီး၏အတွင်းပိုင်းသို့ဝင်၍ ဖျက်ဆီးခြင်းများမပြုလုပ်နိုင်ရန်အတွက် သံတံခါးတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။